Pages

Thursday 4 August 2011

ကျွန်တော်သိ့သမျှ လက်ရှိ Singapore MOM အခြေအနေ

၂၀၁၀ နှစ်ကုန်တော့ အရင်အလုပ်က ထွက်ပြီး အလုပ်ရှာတော့ ကုမ္ပဏီတော်တော်များများ အင်တာဗျူးခေါ်တယ် လုပ်ငန်းအတွေ့အကြုံရှိပြီးသားဆိုတော့ ကြိုက်ကျတာပေါ့လေ။ ခက်တာက MOM ကို Pass တင်တော့ စတွေ့တာဘဲ တစ်ခါတည်း ဂျက်လိုက်တာ ဂျက်လေယဉ်တောင်အဘခေါ်ရမယ်၊ ဒါနဲ့ကျွန်တော်လည်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ပြန်လစ်တာပေါ့ဘာရမလဲ၊ ကျေးဇူးတင်တယ် MOM ရေလို့တောင် ပြောလိုက်ခြင်သေး၊ ရန်ကုန်မှ လေးလလောက်နေတယ် ဖြေစရာ အကြွေးတင်းနေတဲ့ စာမေးပွဲဖြေဖြစ်သွားတယ်၊ မိ့သားစုနဲ့ အချိန်ပေးနိုင်တယ်၊ လေးလကျော် ငါးလလောက် စာမေးပွဲ ဖြေအပြီး ပြန်လစ်လာတယ်၊ မေ ၆ ၂၀၁၁ ရောက်တယ် မေ ၁၀ ၂၀၁၁ အလုပ်ရတယ်၊ တင်တယ် ဂျက်ပြန်တယ်၊ ဒီတစ်ခါတော့ ကျွန်တော် နည်းနည်း မျက်မုန်းကျိုးတယ် ဘာဖြစ်လို့လဲ Why? ဆိုပြီးတော့ Question Mark တွေခေါင်းထဲ သီကြီးနဲ့ပေါ့လေ၊ နောက်သတိ့ထားမိ့တာ အရင်ရုံးက Application OC မယူထားမိ့တဲ့ ကိုယ့်ကို ကိုယ်သာ အပြစ်ပြန်တင်မိ့တယ်၊ သွားတောင်ဖို့စဉ်းစားသေးတယ်၊ စိတ်ထဲမရလောက်ဘူးထင်တာနဲ့ဘဲ မသွားဖြစ်လိုက်ဘူးဗျ၊ အဲ့လိုနဲ့ တင်လိုက် ဂျက်လိုက်နဲ့ နှစ်လပြည့်တော့ ပြည်တော် ပြန်ရသေးတယ်၊ အသနားခံစာတင်တဲ့ ကုမ္ပဏီတွေကလည်း တင်ပေးပါရဲ့ တစ်ခါက နှစ်ခါဆို သိပ်အဆင်မပြေတော့ဘူး၊ အဲ့လိုနဲ့ ပြန်စောင့်နေရင်းနဲ့ဘဲ အရင်ရုံးကို မေးလ်ပို့ပြီး Application OC တောင်းကြည့်သေးတယ် ပထမတော့ အဆင်ပြေတော့မလို ပေးတော့မလိုနဲ့ နောက်ဆုံး အဖျားရှုးပြီး မရလိုက်ဘူး၊ အမြင်ကတ်တာနဲ့ ပိုသမျှမေးလ်တွေကို MOM ကို BCC ပြစ်လိုက်တယ်၊ အဲ့ဒီအချိန်မှာဘဲ နောက်ဆုံး အလုပ်ဗျူးခဲ့တဲ့ ကုမ္ပဏီက တင်မဲ့ Application ကို မျှော်တလင့်လင့်ပေါ့၊ သူတို့လည်း အလုပ်များနေလို့၊ Oversea ရောက်နေလို့နဲ့ ဆက်စောင့်ပေါ့၊ နောက်ဆုံး အဲဒီရုံးမတိုင်ခင် တင်ခဲ့တဲ့ရုံးက တတိယမြောက် Appeal ကျမှဘဲ Approved ဖြစ်တော့တယ်ဗျာ၊ ကျွန်တော်လည်း ခုတစ်ခေါက်ပြန်သွား ကတည်းက IPA ရမှဘဲ ပြန်လာတော့မယ်လို့ ဆုံးဖြတ်ထားပြီးသားဗျ၊ အော်မေ့လို အဲ့လိုဂျက်နေတုန်း ရန်ကုန်ကနေ ညစ်ညစ်နဲ့ PJ(မလေး) ကို အလုပ်လှမ်းတင်တာ အင်တာဗျူးခေါ်တယ်ဗျာ၊ တစ်ကယ်လို့သာ IPA မရခဲ့ရင် PJ ရောက်နေလောက်ပြီထင်ပါရဲ့၊ အဲလို့နဲ့ဘဲ အခုလက်ရှိအလုပ်မှာ ကျွန်တော်အဆင်ပြေသွားပါတယ်။

သိပ်မကြားသေခင်ကဘဲ(တစ်လ မပြည့်သေးပါ) ကျွန်တော်နဲ့ ညီလို အစ်လို ခင်တဲ့ ရပ်ကွက်ထဲက IT Pro ကောင်လေးပါဘဲ၊ အလုပ်လာရှာတယ်ဗျာ၊ အဆင်ပြေပါတယ် အင်တာဗျူးတွေ တန်းစီရတယ်၊ ခေါ်တာများလို့ ဘယ်ဟာ ရွေးရမလဲဆိုပြီး ခေါင်းတောင် စားရတဲ့အထိ့ဗျာ၊ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချပြီး Application စတင်ပေးတဲ့ရုံးနှင့် အဆင်ပြေတယ်၊ မနေ့ကတင် နောက်နေ Approved တဲ့ဗျာ၊ ဘယ်လောက်ကောင်းလဲဗျာ၊ ဒါနဲ့ နောက်ရုံးတစ်ရုံးက ထပ်တင်ဖို့လုပ်သေးတယ်၊ ဟော MOM က တစ်ခု Approved ဖြစ်ပြီးရင် နောက်တစ်ခု ထပ်တင်လို့ မရတော့ဘူးတဲ့ဗျာ။

နောက်ပြီးတော့ တစ်လမပြည့်ခင် ဟိုအလုပ်ခုန် ဒီအလုပ်ခုန် ခြင်သူများ သတိ့ထားပါ၊ ဂျက်ပါလိမ့်မယ် ဘယ်လိုနည်းနဲ့မှ Approved ဖြစ်ဖို့မမြင်ပါ သူငယ်ချင်းတစ်ယောက် ပူပူနွေးနွေး ဂျက်နေပါတယ်။

ကျွန်တော်သိ့သမျှ ပူပူနွေးနွေး ကိစ္စလေးတွေပါဘဲ၊ ကျွန်တော်လည်း ရှေ့ကသင်ခန်းစားကို ယူပြီး အခုရုံးမှာမှ Application Original Copy ကြိန်းသေအောင်ယူထားတယ်ဗျ။

ပထမဆုံး Employment Pass တင်တဲ့သူများ Original Copy ရအောင်ယူထားပါ၊ Documents ကိုအမြဲ Verify ပြန်လုပ်ပါ၊ Contract Letter ကို သေသေချာချာ ဖတ်ပြီးမှ လက်မှတ်ထိုးပါ၊ ရပိုင်ခွင့်နဲ့ တာဝန်ကို ပြတ်ပြတ်သားသားပြောပါ အားမနာပါနဲ့၊ တာဝန်ယူရမယ့်အပိုင်းကို ပီပြင်အောင် တာဝန်ယူပြီး အပိုအလုပ်တွေကို သဘောကောင်းပြီးမလုပ်ပေးပနဲ့နော်။

ကိုယ်တွေ့လေးပါ...



No comments: