Pages

Monday 6 October 2008

My Real World (ကျွန်တော့်ကိုယ်တွေ့)

လေတိုက်ပြီးတော့ ကျွန်တော်ဆိုတဲ့ Whoami ရန်ကုန်ကနေ Singapore ကိုလွင့်လာပါတယ်၊ မှတ်မှတ်ရရ မေ ၂၇ ရက်မှာရောက်ပါတယ်၊ သူငယ်ချင်းတွေကောင်းမှုကြောင့်နေစရာ မပူရပေမဲ့ စရောက်ရောက်ခြင်း တစ်ပတ်လောက်ကတော့ အူကြောင်ကြောင်နဲ့ ဘာမှမလုပ်တတ် မကိုင်တတ်ဖြစ်ရပါတယ်။ နှစ်ပတ်လောက်မှ နေသားကျပြီ အလုပ်တွေကို စတင်ပါတယ်၊ စတင်ကတည်းက job site တွေမှာ upload မလုပ်ဘဲ သက်ဆိုင်ရာ Email Address တွေစီကို တိုက်ရိုက်ပို့ပါတယ်၊ Return receive လေးလည်း mail client ကနေ set လုပ်ထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဖတ်မဖတ်သိ့ရအောင်ပါ။ ပြစရာ လက်မှတ်က မရှိလေတော့ Carrier Life History ဆိုတဲ့ စာတစ်စောင်ရယ်၊ စိတ်တိုင်းကျပြုပြင်ထားတဲ့ Resume ရယ်၊ Recommendation တွေကို ထုတ်သုံးကာ အစွမ်းကုန်ပို့ပါတော့တယ်။ တစ်လလောက်ပြည့်မှ အင်တာဗျူးတွေ စရပါတယ်၊ Walk in တွေကို လည်း တစ်ချိန်တည်းမှာ လိုက် try ပါတယ်၊ ဆက်ပါဦးမည်---


ဒီလိုနဲ့ CCTV ရုံးတစ်ခုမှာ Walkin အင်တာဗျူး တာအဆင်ပြေပြီး Job Training တစ်ပတ်လောက်ဆက်တိုက်ဆင်းရတယ်ဗျ၊ အိတ်စိုက်ပေါ့နော်။ တစ်ပတ်ပြည့်တော့ သူတို့ကခဏနားခိုင်းတယ်ဗျ၊ SPass တွေတင်ထားတာများနေလို့ထင်ပါတယ်၊ အဲဒါနဲ့ကျွန်တော်လည်း အင်တာဗျူးတွေ ပြန်တင်နေရသေးတယ်၊ နောက်တစ်ပတ်လောက်ကြာတော့ SPass တင်ဘို့လာခဲ့လို့ခေါ်တော့ နည်းနည်းတော့ စိတ်ပူတာသက်သာသွားတယ်ဗျ၊ ကံဆိုးခြင်တော့ တင်တင်ပြီးခြင်းဘဲ Reject ဆိုတော့၊သွားပြီး ဒီကုမ္ပဏီက SPass Quota မရှိဘူးဆိုတာသိ့လိုက်ရတယ်၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပြီး ဘာမှ အရာမထင်ဖြစ်နေလျှက်နဲ့ဘဲ တစ်ပတ်လောက်ဆက်တိုက် ဆက်လုပ်နေဖြစ်သေးတယ်ဗျ၊ ကံကောင်းပြန်တော့ အဲဒီတစ်ပတ်အတွင်းမှဘဲ အခုလက်ရှိ့အလုပ်က Second အင်တာဗျူးထပ်ခေါ်တယ်ဗျ၊ အဲဒါနဲ့ကျွန်တော် လစ်တာတန်းနေတာဘဲဗျို့၊ အဆင်တော့ပြေပါရဲ့ WP ဆိုတော့ တစ်မျိုးကြီးပေါ့နော်၊ လစာကလည်း ၁၆၀၀ ဆိုတော့ ဘာဘဲပြောပြော CCTV ထက်သာတယ်ပေါ့ဗျာ၊ CCTV တုန်းက SPass အဆင်ပြေသွားရင်တောင်မှ ၁၂၀၀ ဘဲရမှာဗျ၊ အဲဒီလိုနဲ့ဘဲ အခုရုံးမှာ Contract တွေဘာတွေချုပ်ပြီး WP တင်ပါလေရောဗျာ၊ ဟောနေ့ခြင်းဆိုသလိုဘဲ Reject ထပ်ဖြစ်တယ်ဗျ၊ သူငယ်ချင်းတို့ စဉ်းစားသာကြည်ပေတော့ဗျို့၊ ဘယ်လောက်တောင် စိတ်ဓာတ်ကျစရာ ကောင်းသလဲဆိုတာ၊ နောက်နေ့ ချက်ခြင်းဖုန်းဆက်ခေါ်ပြီး ၁၈၀၀ နဲ့ SPass ပြောင်းတင်ပေးတယ်ဗျ၊ သူများတွေက Online ကနေတင်ရင် နှစ်ရက်၊ သုံးရက်လောက်ဘဲကြာတယ်လို့ပြောတယ်ဗျ၊ ဒါပေမဲ့ ငါးရက်သာကျော်လာတယ် Under Review ဖြစ်နေတုန်းဘဲဗျို့၊ ညကော မနက်ကော ဘုရားသခင်က တော်တော်လေးကို နားညီးမယ်ဗျ
တောင်းလိုက်တဲ့ဆု မပြောပါနဲ့တော့ဗျာ ၀က်ဝက်ကွဲဘဲ။ မှတ်မှတ်ရရဗျ တနင်္လာနေ့ ၂၁ ဇူလိုင် မှာ မနက်စောစောထစစ်တဲ့အထိ့ကို Under Review ဘဲဗျို့ စိတ်ပျက်လက်ပျက်နဲ့ မလေးကို ရှန်တိန်လုပ်ဖို့ အတွက် မလေး Visa သွားလုပ်ဖို့မထွက်ခင် မုတ်ဆိတ်မွှေးတွေရှည်နေတာကြောင့် ခပ်မြန်မြန်ရိတ်ပြီး မထွက်ခင် တစ်ခေါက်တော့ စစ်လိုက်ဦးမယ်လေဆိုပြီး စစ်လိုက်တော့မှ နေ့လည် ၁၁ နာရီလောက်မှ Approved ဖြစ်သွားတယ်ဗျာ၊ တစ်ကယ့်ကို ဘုရားပေးတဲ့ အလုပ်ပါဘဲဗျာ၊ အဲဒီလိုနဲ့ဘဲ ကျွန်တော် Whoami တစ်ယောက် System Administrator ဘုံဘ၀သို့ရောက်ရှိခဲ့ရပါသည်ခင်ဗျား။