Pages

Wednesday 22 February 2012

လတ်တလော အခြေအနေများ

ခုတစ်လော လေးမှာဗျာ...

ကျွန်တော်ကြားနေ မြင်နေရတာတော့ SG MOM ကစံနှုန်းမြှင့်ထားတာက သပ်သပ်၊ အလုပ်အကိုင် အခွင့် အရေးရမရက ကံနှင့်သာ သက်ဆိုင်ပါတယ်.... သင့်တင့်သော လုပ်ငန်းအတွေ့အကြုံ နှင့် နိုင်ငံတကာ အသိ့မှတ်ပြု Diploma/Certificate များပိုင်ဆိုင်ထားတယ် ဆိုရင်တော့ ပိုပြီးရာနှုန်းများပါတယ် အလုပ်ရဖို့ပါ...

အလုပ်အင်တာဗျူး အတွက်တော့ ဒီကိုမလာခင် တစ်လလောက်ကတည်း ကြိုလျှောက်ထားသင့်ပါတယ်...
အဲ့လိုလျှောက်တဲ့ နေရာမှာလည်း ကိုယ်ရောက်မယ် ရက်ကိုတော့ Declare လုပ်ဖို့လိုပါလိမ့်မယ်...

အလုပ်အင်တာဗျူး သွားရင် တတ်နိုင်သလောက် ပြေပြေပြစ်ပြစ်နှင့် အဆင်ပြေပြေ စကားပြောပါ... လုပ်ငန်းနှင့် ပတ်သက်တာများ မေးလာခဲ့ရင်တော့ ရိုးသားစွာနဲ့ အရှိကို အရှိအတိုင်းဖြေပါ ပြောဆိုဆွေးနွေးပါ... သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်သွားပါ...

Employment Pass အဆင်ပြေ မပြေကတော့ ရတဲ့ Company ရဲ့ အခြေအနေနဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်ပါတယ်နော်...

လျှောက်ပေါက်ကရအော်နေတဲ့ မြန်မာ ဆိုဒ်များကို ရည်ညွှန်း၍ ဒီ Post ကိုရှယ်ပါသည်...
 လွတ်လပ်စွာ လက်ဆင့်ကမ်းနိုင်ပါသည်။