Pages

Monday 14 July 2008

အလုပ်ကရွေးချယ်ပါစေ

မင်္ဂလာပါ
 
            သူငယ်ချင်းတို့ရေ
 
            First Experiences ဆိုရင်တော့ အလုပ်မရွေးပါနဲ့ အလုပ်ကဘဲရွေးချယ်ပါစေ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က လုပ်ငန်းခွင် အတွေ့အကြုံနှင့် ဒီမှာလုပ်ကိုင်ရမယ် လုပ်ငန်းခွင် အတိုင်းအတာက တစ်ခြားစီဖြစ်နေလို့ပါ။ အစစ အရာရာ ကွာခြားလွန်တော့ စစချင်းကို ဆောက်နဲ့ထွင်းလို့ ရမှာမဟုတ်ဘူးဗျ၊ လူတိုင်းလိုလိုတော့ လစာကောင်းကောင်း၊ အလုပ်ကောင်းကောင်းကို ပိုပြီးနှစ်သက်ကျတာ လူ့သဘာဝပါ။ Online job တွေကို Apply လုပ်ရာမှာလည်း Site တွေကနေ Apply မလုပ်ပါနဲ့ ကိုယ်ပိုင် Email Account တစ်ခုခုကို အသုံးပြုပြီးတော့ Employer တွေဆီကို အရောက်ပို့ပါ။ အဓိကလိုအပ်တာတော့ Cover Letter ပါဘဲ၊ အစကောင်းမှ အနှောင်းသေချာဆိုသလိုပေါ့ဗျာ၊ ပြီးရင် Resume ကိုတတ်နိုင်သလောက် အသေးစိတ်ရေးပါ(Word Format) ကိုပိုပြီးသုံးကျတယ်။ Work Pass လျှောက်ဖို့အတွက် အဓိကလိုအပ်တာတော့ သူငယ်ချင်းတို့ရဲ့ Education Period ကိုသေသေချာချာ စီစစ်ပြီးမှ ရေးစေချင်ပါတယ်၊ အဲဒါမှ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ နိုင်ငံတကာ အသိ့အမှတ်ပြု Certificae တော်တော်များများရှိရင် ပိုပြီးကောင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက International Standard ကိုစည်းစံနစ်တကျ လုပ်ကိုင်နေကျလို့ပါဘဲ၊ အဲဒီလိုမှ မဟုတ်ရင်တော့ လူပင်ပန်းစိတ်ပင်ပန်း ဖြစ်ကျရပါလိမ့်မယ်။ နော်ကပြီးတော့ Straight Time ကိုလည်းတစ်ပတ်နှစ်ရက်လောက် ၀ယ်ပြီး ပါသမျှကိုယ်နဲ့သင့်တော်မယ်ထင်တယ့် အလုပ်မှန်သမျှကို ကြိုးစားစေချင်တယ်။ အလုပ်ရှာနေတဲ့အချိန်မှာ စရိတ်စကကိုချွေတာတဲ့ အနေနဲ့ မဖြစ်မနေသွားစရာရှိမှ သွားတာလာတာ အကောင်းဆုံးပါဘဲ၊ လုပ်ငန်းခွင့်အခြေကျပြီ ဆိုရင်တော့ဖြင့် အားရပါးရ Explorer လုပ်နိုင်ပါပြီခင်ဗျာ။ အထူးဂရုစိုက်စေချင်တာက Work Pass ကို online apply လုပ်တော့မယ်ဆိုရင် လိုအပ်မယ့်အရာ မှန်သမျှကို အသေးစိတ်ရေးချ(ဒါမှမဟုတ်) Print out ထုတ်ပြီး apply မလုပ်ခင် Employer လက်ထဲကို အရောက်ထည့်ပေးပါ၊ ကိုယ်လိုအပ်တာကို အဲဒီအချိန်မှာ ပြောခွင့်ရှိပါသေးတယ် လွန်သွားရင်တော့ ဘုရားသာတပေတော့ဗျို့၊ နှစ်လုံးရောဂါတောင် ချက်ချင်းရသွားနိုင်တယ်။ အပြောမဟုတ်ဘူးနော် ကိုယ်တွေ့ပါ၊ အသေးစိတ်အချက်အလက်တွေကိုတော့ နောင်ကျွန်တော် အချိန်ရရင် ရသလိုဆက်လက်တင်ပြပေးပါ့မယ်။
 
အာလုံးကံကောင်းနိုင်ကျပါစေ
ဘုရားတရားတော့ မမေ့နဲ့နော်
 

No comments: